Monday, May 14, 2007

မောင်သိဖို့ 

တူနှစ်ကိုယ် တဲအိုပျက်မှာ
ထမင်းရည်သောက်ပြီး
ဘ၀ခရီးလျှောက်လှမ်းကြတာ
ရုပ်ရှင်ထဲမှာပါ ... မောင်

ဆူးခင်းလမ်းကို
ပန်းခင်းထားတယ်ထင်ပြီး
ပျော်ရွင်စွာလျှောက်လှမ်းကြတာလဲ
ဝတ္တုတွေထဲမှာပါ...မောင်

ဒါကြေင့်လေ...
သိပ်ချစ်ရတဲ့ မောင့် ကို
ချစ်လျက်နဲ့  စွန့် လွတ်ပါရစေ...မောင်

1 comment:

Pie Min Swe said...

ကောင်းပါ့ဗျား...
ပွင့်လင်းခြင်းဟာ ဟန်ဆောင်ခြင်းထက်
မောင် ဆိုတဲ့သူကို သက်သာစေလိမ့်...