Monday, May 14, 2007

တိတ်တခိုး

တိတ်တခိုးဆိုတဲ့ နာမည်နဲ့ ကဗျာတွေ အများကြီးရှိကြတဲ့ အထဲက တစ်ပုဒ်လို့သာ မှတ်လိုက်ပါနော်။
(မလေး အတွက်..)


တကယ်တမ်းမတော့
မရွယ်ပန်းတစ်ပွင့်ပန်ဆင်။

အလှမ်းပြင် ဘ၀င်ဇောရယ်နဲ့
မနွမ်းခင် လိုချင်မောပါပေါ့
စောစောကသာမြင်လိုက်ချင်။

ကိုယ့်ဘ၀ကိုယ်ဆင်ခြင်
မျှော်မြင်ကာ ဘ၀င်ကျရသူမို့
တော်ဝင်စရာ ဟိုပင်အလှဆီက
သခင့်ဘ၀နှင့်မတန်သေး။

အလှမ်းသင့်ရာ
ပန်းတစ်ပွင့်သာ တော်သလို ဆွတ်ပြီးသူမို့
ညွတ်မိသူသခင်အရိပ်မှာ
တိတ်တိတ်အသာရှိုက်ရတယ်
ရင်လှိုက်ကာမွှေး။ ။

1 comment:

Anonymous said...

သိပ်ကောင်းတယ်…….ဘာမှပြောစရာမကျန်တော့အောင်ကိုကောင်းတယ်..
ကိုယ့်ထက် ကဗျာဆရာက ကိုယ့်အကြောင်းကို ပိုသိနေပါလား..