ပထမ သင်္ကြန်မှာ ဆုံတွေ့ ခဲ့ ၊
ဒုတိယ သင်္ကြန်မှာ နှလုံးသားဆုတောင်းပြည့်ခဲ့ ၊
တတိယ သင်္ကြန်မှာ ခွင့်လွှတ်ပါဆိုတဲ့စကားနဲ့ သူထွက်ခွာခဲ့ ၊
ခဏတာ တွေ့ ခဲ့ နှင်းစက်ရယ်
ထာဝရတွက် နွေအိပ်မက်နဲ့
မောင့်ကို အပြီးအပိုင် ထားရစ်ခဲ့ ။
Showing posts with label မဂျစ်တူး. Show all posts
Showing posts with label မဂျစ်တူး. Show all posts
Saturday, May 19, 2007
ခဏတာ
Posted by
အိမ့်ချမ်းမြေ့
at
8:32 PM
0
comments
Labels: မဂ်စ္တူး
Monday, May 14, 2007
ဂျစ်တူးနှင့် အတ္တ
အတ္တတဲ့...
ခွာချလိုက်ရတာ
ပြက္ခဒိန်တွေပဲ ကွာကျခဲ့ ။
အတ္တတဲ့...
လောင်ကျွမ်းနေလိုက်တာ
ငြိမ်းသတ်ဖို့ ရေတောင် မလောက်ခဲ့ ။
အတ္တတဲ့...
လှောင်ပြုံးရီနေလိုက်တာ
မုန်းစရာ မခိုးမခန့်နဲ့ ။
ငါကတော့... သူနဲ့ စစ်ခင်းနေဆဲ ။
Posted by
အိမ့်ချမ်းမြေ့
at
12:27 PM
0
comments
Labels: မဂ်စ္တူး
Subscribe to:
Posts (Atom)