ငါ သစ်ပင်ဖြစ်ချင်တယ်
"…. "မောရင် ငါ့အရိပ်အောက်မှာ
အပန်းဖြေဖို့ရယ်
အထီးကျန်တဲ့ ခံစားချက်တွေနားထောင်ပေးဖို့ရယ်
...သစ်ရွက်သံစဉ်တွေနဲ့
ချွေးသိပ်ဖို့ရယ်..
"…."အလိုရှိတယ်ဆို ငါ့အရိပ်ကို
တစ်ဘဝစာ မိုးပေးချင်တာပါ…
သစ်တစ်ပင်ဖြစ်ဖို့အတွက်
နှုတ်ခမ်းတစ်စုံရဲ့ ဒဏ်ကိုတော့ငါခံနိုင်ရမယ်
ဒါပေမယ့်…
ငါ….သစ်ပင်ပါ…
ငါ….ခရေတစ်ပွင့်ဖြစ်ချင်တယ်
သွေးလွှမ်းတဲ့စိန်တွေ မကြိုက်တဲ့ "…."အတွက်
ကြယ်တွေခူးပြီး ခရေ တစ်ကုံးပေးချင်တယ်
"…."အတွက်ဆို ငါ့ခရေကအမြဲမွှေးပျံ့စေရမယ်..
ဘဝအမောတွေ ကြုံတိုင်း
ခရေအနမ်းတွေနဲ့ လန်းဆန်းစေရမယ်…
ငါ ခရေတစ်ပွင့်ဖြစ်ဖို့အတွက်
"….."ကေသာရဲ့နူးညံ့မှုဒဏ်ကိုတော့ ငါခံနိုင်ရမယ်
ဒါပေမယ့်…
ငါ….ခရေတစ်ပွင့်ပါ….
ငါ….ဆော်လမွန်တစ်ကောင်ဖြစ်ချင်တယ်
ဝက်ဝံနဲ့ သိမ်းငှက်တွေ
အရိုးခိုက်တဲ့ ရေခဲချောင်းရေချိုတွေကြား
အရာအားလုံးကို အံတုပြီး
"…."ရှိမယ့်ကမ်းစပ်ကို အရောက်ပြန်လာမှာပါ
နူးညံ့သိမ်မွေ့လွန်းတဲ့
"….."အကြည့်ဒဏ်ကိုတော့ ငါခံနိုင်ရမယ်
ဒါပေမယ့်…
ငါ….ဆော်လမွန်တစ်ကောင်ပါ…
ငါ…မိုးစက်ပွင့်ဖြစ်ချင်တယ်….
ဒီ ဘဝကန္တရထဲ
"….."လက်ကိုဆွဲပြီး
တို့ ထွက်သက်ကို အတူတူ
ရှိုက်ကြရအောင်ပါ
နွေးထွေးလွန်းတဲ့
"….." ရဲ့ရယ်သံချိုတွေ ဒဏ်ကိုတော့ ငါခံနိုင်ရမယ်
ဒါပေမယ့်…
ငါ…မိုးစက်ပွင့်ပါ…
ယုံကြည်ပါ "…." ရယ်....
Wednesday, July 11, 2007
ယုံကြည်ပါ
Posted by
အိမ့်ချမ်းမြေ့
at
4:40 PM
0
comments
Labels: ခေတ်စာဆို
နှစ်သိမ့်ဆု
အိပ်မရခြင်းမှာ
တစ္ဆေတစ်ကောင် ဗုံတီးနေတယ်
ပါးစပ်ကလည်း တတွတ်တွတ်နဲ့
အေးစက်ခြင်းတွေ ရိုက်လွှတ်နေတယ်
မယ်သီတာရယ်
ဝိဥာဉ်တွေ တောင့်တင်းလို့
စောင့်နေရတာ ကမ္ဘာတောင်ပျက်တော့မယ်
သူမ တစ်ရေးမှနိုးပါလေစ
ကောင်းကင်မှာလည်း တဝုန်းဝုန်းနဲ့
ကြယ်တွေကြွေနေလေရဲ့
ကျွန်တော့်ဆုတောင်းကတော့
ပိုးစုန်းကြူးတစ်ကောင်လောက်မှ မလက်
မီးတောက်တွေလား အနမ်းတွေလား
ရွာချလိုက်ပါ ကျွန်တော့်ကိုယ်ပေါ်ကို
မမှီတာကို လှမ်းချင်တဲ့
ငမိုက်သားအတွက် နှစ်သိမ့်ဆုဖြစ်ဖြစ်ပေါ့
နောက်ဆုံးဇာတ်ထုပ် မကခင်ညမှာ
______ အချစ်တော့
ကျွန်တော် ဒဿဂီရိ
မျှော်လင့်နေမိတယ်။ ။
Posted by
အိမ့်ချမ်းမြေ့
at
2:09 PM
0
comments
Labels: ခေတ်စာဆို
ရင်ဖွင့်သံ
မီးလောင်ကကြိုးတွေ လက်တဲ့ညပေါ့
ကျွန်တော့်မင်းသမီးလေးက
ငိုချင်းတစ်ပုဒ်ငြီးတယ်
သူတစ်ကယ်မထင်ခဲ့မိဘူးတဲ့
ရှုံးစရာကို မကျန်တော့ သလိုပဲ
ပဉ္စလက်တွေ ဆိတ်သုဉ်း
ကျွန်တော် ကိုယ်တိုင်သုည တစ်လုံး ဖြစ်သွားတယ်။
ကျွန်တော်အရူံးသမားပါ
ရွှေလင်ဗန်းကိုတပ်မက် နေသလိုမျိုး
ဘယ်သူကသနားမှာလဲ
မင်းကိုက ဆိုပြီးအပြစ်တင်လည်းခံ
ထားရင်လည်း စံရမှာပါ…
ဒါပေမယ့်
အဲဒီအရှုံးသမားက မင်းသမီးလေးဘဝမှာ
ခလုတ်ကန်သင်းမဖြစ်စေရပါဘူး
ရင်ကိုနင်းပြီး သွားရင်တောင်
သူမခြေဖဝါး သွေးခြေမဥနိုင်အောင်
ဖြည့်ဆည်းပေးနိုင်လို့
ပြုံးပျော်နေမှာပါ…
မင်းသမီးလေးရယ်…ဒါတစ်ကယ့်အရှုံးသမားတစ်ယောက်ရဲ့ ရင်ဖွင့်သံပါ…
Posted by
အိမ့်ချမ်းမြေ့
at
2:04 PM
0
comments
Labels: ခေတ်စာဆို