Wednesday, July 11, 2007

ရင်ဖွင့်သံ

မီးလောင်ကကြိုးတွေ လက်တဲ့ညပေါ့

ကျွန်တော့်မင်းသမီးလေးက

ငိုချင်းတစ်ပုဒ်ငြီးတယ်

သူတစ်ကယ်မထင်ခဲ့မိဘူးတဲ့


ရှုံးစရာကို မကျန်တော့ သလိုပဲ

ပဉ္စလက်တွေ ဆိတ်သုဉ်း

ကျွန်တော် ကိုယ်တိုင်သုည တစ်လုံး ဖြစ်သွားတယ်။


ကျွန်တော်အရူံးသမားပါ

ရွှေလင်ဗန်းကိုတပ်မက် နေသလိုမျိုး

ဘယ်သူကသနားမှာလဲ

မင်းကိုက ဆိုပြီးအပြစ်တင်လည်းခံ

ထားရင်လည်း စံရမှာပါ…


ဒါပေမယ့်

အဲဒီအရှုံးသမားက မင်းသမီးလေးဘဝမှာ

ခလုတ်ကန်သင်းမဖြစ်စေရပါဘူး

ရင်ကိုနင်းပြီး သွားရင်တောင်

သူမခြေဖဝါး သွေးခြေမဥနိုင်အောင်

ဖြည့်ဆည်းပေးနိုင်လို့

ပြုံးပျော်နေမှာပါ…


မင်းသမီးလေးရယ်…ဒါတစ်ကယ့်အရှုံးသမားတစ်ယောက်ရဲ့ ရင်ဖွင့်သံပါ…

No comments: