Showing posts with label နွေဦးပန်း. Show all posts
Showing posts with label နွေဦးပန်း. Show all posts

Sunday, June 17, 2007

ကျေးဇူးတင်ပါတယ်


တစ်ခါတစ်ရံ စိတ်ပင်ပန်း ၀မ်းနဲမှုတွေကြားမှာ
မင်းရဲ့ ကဗျာလေးတွေ၊ စာလေးတွေက
ငါ့ဘ၀ကို နွေးထွေးစေခဲ့တယ်။

တစ်ခါတစ်ရံတော့လဲ
မင်းရဲ့ သံယောဇဉ်စကားသံလေးတွေဟာ
ငါ့ကို ဟိုးစည်းတွေဘောင်တွေအပြင်ဘက်က ဝေဟင်ကျယ်ကြီးထဲကို ဆွဲခေါ်သွားတတ်တယ်။

တစ်ခါတစ်ရံတော့လဲ
မင်းရဲ့ ဂရုစိုက်မှုလေးတွေက ငါ့နှလုံးသားမှာ အပြုံးလေးတစ်ခု ဖန်တီးပေးတယ်။

တစ်ခါတစ်ရံတော့လဲ
အမှောင်လွှမ်းတဲ့ ညချမ်းတွေမှာ မင်းရယ်သံချိုလေးတွေက
ငါ့ဘ၀ညတွေကို စိုပြေစေတယ်။

ဒါတွေအားလုံးက
တစ်နေ့မှာ အိပ်မက်တစ်ခုအဆုံးသတ်သလို ပြီးခဲ့မယ်ဆိုရင်တောင်
(မင်းကိုယ်မင်း သိမှာတောင်မဟုတ်ဘဲ)
ငါ့ဘ၀ရဲ့ အမှောင်ဆုံးအချိန်တွေမှာ ရှိနေခဲ့တဲ့မင်းကို
အလင်းတစ်ခုလို ငါအမြဲသတိရနေမိမှာပါ။

တစ်ကယ်တော့ တဒင်္ဂဘဲဖြစ်ဖြစ်
အပြုံးလေးတစ်ခု ဖန်တီးမှုအတွက်
မင်း…….ကောင်းကင်ဘုံက
ငါ့အတွက်….ဆင်းသက်လာခဲ့တယ်ထင်တယ်ကွယ်။

ဆက်ဖတ်ရန်...

Saturday, May 26, 2007

မုန်း

မျက်မာန်တော် ငြိုးပေမယ့်
အဆိုးမဆိုဝံ့ပါဘု ချစ်သူရယ်….။

သံယောဇဉ်ထား မှားမိသူမှာ
ချစ်မိတာကို မြိုသိပ်လို့
ကြိတ်မှိတ်ကာ အိပ်ပါတော့မယ်။

အပြစ်ယူလို့ မချစ်၊ ငြူစူသူရယ်
တစ်လက်စတည်းသာ မုန်း…
မုန်းလိုက် ပါတော့လားကွယ်…….။

ဆက်ဖတ်ရန်...

Monday, May 14, 2007

Good night မောင်

မောင်…
လရောင်သွန်းကျ..သိပ်လှတဲ့ညမှာ
အိပ်မောကျသွားပြီလားမောင်..

မောင်..
ဟန်ဆောင်မရ..ရင်ခုန်ရလို့
စို့လက်မျက်ရည်.. နွေတာရှည်လို
နှလုံးသားကိုကစား..
ဝေဒနာများတော့ မပေးပါနဲ့မောင်..

မောင်…
သန်းခေါင်ယံကြယ်မင်း.. တမ်းတရင်းနဲ့
အိပ်မောကျနေတဲ့.. မောင်မသိအောင်လှမ်း
ခန်းဆီးစမလို့…
ညံ့သက်အနမ်းလေး..ပေးလိုက်တယ်မောင်…

ဆက်ဖတ်ရန်...