တစ်ခါတစ်ရံ စိတ်ပင်ပန်း ၀မ်းနဲမှုတွေကြားမှာ
မင်းရဲ့ ကဗျာလေးတွေ၊ စာလေးတွေက
ငါ့ဘ၀ကို နွေးထွေးစေခဲ့တယ်။
တစ်ခါတစ်ရံတော့လဲ
မင်းရဲ့ သံယောဇဉ်စကားသံလေးတွေဟာ
ငါ့ကို ဟိုးစည်းတွေဘောင်တွေအပြင်ဘက်က ဝေဟင်ကျယ်ကြီးထဲကို ဆွဲခေါ်သွားတတ်တယ်။
တစ်ခါတစ်ရံတော့လဲ
မင်းရဲ့ ဂရုစိုက်မှုလေးတွေက ငါ့နှလုံးသားမှာ အပြုံးလေးတစ်ခု ဖန်တီးပေးတယ်။
တစ်ခါတစ်ရံတော့လဲ
အမှောင်လွှမ်းတဲ့ ညချမ်းတွေမှာ မင်းရယ်သံချိုလေးတွေက
ငါ့ဘ၀ညတွေကို စိုပြေစေတယ်။
ဒါတွေအားလုံးက
တစ်နေ့မှာ အိပ်မက်တစ်ခုအဆုံးသတ်သလို ပြီးခဲ့မယ်ဆိုရင်တောင်
(မင်းကိုယ်မင်း သိမှာတောင်မဟုတ်ဘဲ)
ငါ့ဘ၀ရဲ့ အမှောင်ဆုံးအချိန်တွေမှာ ရှိနေခဲ့တဲ့မင်းကို
အလင်းတစ်ခုလို ငါအမြဲသတိရနေမိမှာပါ။
တစ်ကယ်တော့ တဒင်္ဂဘဲဖြစ်ဖြစ်
အပြုံးလေးတစ်ခု ဖန်တီးမှုအတွက်
မင်း…….ကောင်းကင်ဘုံက
ငါ့အတွက်….ဆင်းသက်လာခဲ့တယ်ထင်တယ်ကွယ်။
Sunday, June 17, 2007
ကျေးဇူးတင်ပါတယ်
Posted by အိမ့်ချမ်းမြေ့ at 9:27 PM
Labels: နွေဦးပန်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment