ပြန်လာမယ်ဆိုတဲ့အတွေးတွေနဲ့ပါ
ဟောဒိသန်းခေါင်ယံ ည ကလဲ
အမှောင်ကိုတွယ်ကတ်နေသေးတယ်
တရက်ပြီး တရက်မြန်မြန်ထွက်သွားကြစမ်းပါ
အပြင်းပြေ CD ခွေတွေတောင်တွားသွား
သက်ပြင်းတွေကတော့ဖြင့်သားနားနေပေါ့။
ကဗျာခဏခဏစပ်တာတောင်
သန်းခေါင်မလွှဲနိုင်တဲ့ ည
တချိန်လုံး (မျက်လုံး) မှိတ်ထားပေမယ့်
နာရီတရွေ့မှအိပ်မရခြင်းတွေနဲ့အတူ
၉၉ ခါမက စိတ်လေခဲ့ရတဲ့ ည
နာရီတွေနဲ့ငါ ဘယ်သူက သစ္စာမဲ့နေတာလဲ
ဟောဒီခေါက်ရိုးကျိုး အတွေးတွေနဲ့အတူ
အမှောင်ထုနဲ့ အခါခါရိုက်ပုတ်တဲ့ ညဲ့
အဲဒါ
မင်းကိုလွမ်းတဲ့ ည ပေါ့  " "။ ။ ။
Showing posts with label Mr. Gout. Show all posts
Showing posts with label Mr. Gout. Show all posts
Friday, May 18, 2007
သတ်ပုံမှားတဲ့ည
Posted by
အိမ့်ချမ်းမြေ့
at
1:09 PM
0
comments
Labels: Mr. Gout
"ည"
ည - ဒီညေပါ့ အိပ္မရခဲ့တာ
ကြေမွနေတဲ့ အတိတ်ဟောင်းကို
ဖြန့်ကြည့်ချင်တဲ့ ငါဟာ မှားနေခဲ့တယ်လေ။
ပင်လယ်ရေအရ သာကိုခံစားဖို့က
အုန်းစိမ်းရေ ထက်သာမယ် ထင်ခဲ့တာကိုး။
ခွင့်လွှတ်တယ်ဆိုတာ မင်းအတွက်
ငါ့ရဲ့တန်ဖိုးအကြီးဆုံး လက်ဆောင်ဘဲလေ။
ဒီတန်ဖိုးအတွက် ပေးဆပ်ခဲ့ရတဲ့ငါ့ရဲ့ ညတွေ
မင်းအိပ်ပျော် နေမှာပေါ့။
ရင်ထဲကခုန်နှုန်း ပေါက်ကွဲမဲ့မီးတောင်တစ်လုံးလို
တ၀ုန်းဝုန်းနဲ့ ဘင်သံတွေလိုညံနေခဲ့တယ်။
ထားပါတော့ ရှိစေတော့
မင်းချစ်ခဲ့တဲ့ငါဟာ မင်းချစ်တဲ့အချစ်နဲ့ဘဲ
မင်းချစ်တာကိုခံချင်ခဲ့သူပါ
ဒါကိုအတ္တလို့ခေါ်မလား?
ဒါဆိုငါလဲဒီည မအိပ်တော့ဘူး
မင်းအိပ်ပါတော့။ ။ ။
Posted by
အိမ့်ချမ်းမြေ့
at
1:07 PM
0
comments
Labels: Mr. Gout
Subscribe to:
Posts (Atom)