Showing posts with label ကိုခေလွန်း. Show all posts
Showing posts with label ကိုခေလွန်း. Show all posts

Monday, May 14, 2007

အမြဲစိမ်း

စိမ်းကားဖယ်ရှောင်
စိမ်းသယောင်ယိမ်း
စိမ်းခွာတိမ်းသော်

စိမ်းတော်မူစမ်း
စိမ်းရောင်လွှမ်းကာ
စိမ်းမာနနဲ့
စိမ်းသာပြတော့
စိမ်းကမ္ဘာက
စိမ်းဇာချသူ …။

ဆက်ဖတ်ရန်...

အပြာရောင်ပိတောက်

အဲဒီ
ပြာလဲ့နေတဲ့ ပိတောက်ပင်အောက်မှာ ..

ဆွံ့အနေတဲ့ စကားသံတွေ ရှိတယ် ..
ဟောင်ဖွာဟောင်ဖွာမုသာဝါဒတွေလည်း ရှိတယ်။

တိတ်တဆိတ်လဲလျောင်းနေတဲ့ လမ်းမကြီး ရှိတယ် ..
မာကျူရီတွေလင်းထိန်နေတဲ့ လမ်းမကြီးလည်း ရှိတယ်။

ဆေးကြောခံလိုက်ရတဲ့ သွေးစက်တွေရှိတယ် ..
နောင်တမရတဲ့ သားသတ်သမားတွေလည်း ရှိတယ်။

အခိုးခံလိုက်ရတဲ့ လွတ်လပ်မှုတွေ ရှိတယ် ..
ဇိမ်ကျနေတဲ့ အနိုင်ကျင့်မှုတွေလည်း ရှိတယ်။

ထိုးကျွေးလိုက်ရတဲ့ ညစာတွေ ရှိတယ် ..
မျက်လှည့်အပြခံလိုက်ရတဲ့ ငွေစက္ကူတွေလည်း ရှိတယ်။

လုယက်ခံလိုက်ရတဲ့ ရိုးသားခြင်းတွေ ရှိတယ် ..
သိလျက်နဲ့မိုက်တဲ့ ကလိန်ကကျစ်စရိုက်တွေလည်း ရှိတယ်။

အသံမမှန်တော့တဲ့ ဂစ်တာတစ်လက် ရှိတယ် ..
ပီပီသသကြေညာနေတဲ့ ရေဒီယိုသတင်းတွေလည်း ရှိတယ်။

ဘယ်သူ့ကိုမှမပေးဖြစ်တဲ့ အရာတစ်ချို့ ရှိတယ် ..
ဘယ်သူမှမသိနိုင်တဲ့ အဝေးကြီးကအိပ်မက်တစ်ချို့လည်း ရှိတယ်။

သေချာတာကတော့
အဲဒီ
ပြာလဲ့နေတဲ့ ပိတောက်ပင်အောက်မှာ ..
အ၀ါရောင်ပိတောက်တွေ အရင်ကလို ပြန့်ကျဲမနေဘူးဆိုတာပဲ။

ဆက်ဖတ်ရန်...