Friday, May 18, 2007

မောင်

မောင်....
စိတ်မစွဲလမ်းပဲ၊ လှပတဲ့ညတစ်ညမှာ
မောင့်ကိုအိပ်မက်တယ်မောင်..

ကြာခဲ့ပြီပဲ...
မတွေ့ ရတဲ့နှစ်တွေ၊ နှစ်မျောတသ
လွမ်းရတယ်မောင်....
နှုတ်ဆက်စကားတောင်၊ ပြောခွင့်မရခဲ့
တမ်းတတဲ့ခရေလဲ၊ မြေမှာကြွေလို့ 
ကောက်သူမဲ့ပြီလားမောင်...

မောင်ပေးတဲ့ခရေ...အနှစ်နှစ်ဆယ်ကျော်ကြာမယ်ဆိုလဲ
ကဗျာစာအုပ်ကြားရှိနေဦးမှာပါမောင်...

မောင်ဘယ်မြို့ ကိုပြောင်းသွားလဲ
ကျွန်မသိလိုက်ပြီမောင်..
အရက်တွေလဲသောက်တုန်းပဲဆို
ဘယ်လိုအငြိုးနဲ့  ကိုယ့်ကိုကိုယ်နှိပ်စက်
မရက်စက်ပါနဲ့  မောင်...

မောင့်ကိုသတိရလွမ်းတဲ့အကြောင်း
မောင်ကလွဲလို့ www တခုလုံးသာသိ
မောင်ဘယ်တော့မှ သိလိမ့်မယ်မဟုတ်ဘူးမောင်.......
ကြေကွဲရပါတယ်မောင်ရယ်....



7 comments:

ZawZaw said...

မအိမ်ခြံမြေ လူမှားနေပြီထင်တယ်
ကျွန်တော် အခုတလောမသောက်တော့ပါဘူး။

pandora said...

အောင်မယ် မောင်ဂေါက်.. ရုပ်ကြမ်းကြီးနဲ့..

Tesla said...

သောက်တာကဖြင့် ကျနော်.. ဟီး စတာ.. အော် မောင်.. ကျနော်တောင် မောင့်ကို လွှမ်းသွားတယ် မလေး..

Yan said...

ချစ်သူ…
မောင်ပေးထားတဲ့ ခရေလေးကို သိမ်းထားဆဲပဲဆိုတာ သိရလို့
မောင့်ရင်ထဲမှာ နွေးထွေးရင်ခုန်ရပါတယ်ကွယ်…
ချစ်သူရေးတဲ့စာလေးတွေကို မောင်ဖတ်ပြီး ကြေကွဲခံစားခဲ့ရတာတွေလည်း
မနည်းတော့ပါဘူး
မောင်မသိတာမဟုတ်ပါဘူး. သိပေမယ့် ဘာမှရှေ့ဆက်မတိုးချင်တော့လို့ပါ..
ချစ်သူရဲ့ဘ၀လေးက သာယာနေပြီပဲကွယ်…

မောင်ဘယ်နေရာရောက်ရောက် ချစ်သူရဲ့သတင်းလေးတွေကို နားစွင့်နေခဲ့တာပါ..
ချစ်သူကို နှုတ်ဆက်စကားမပြောခဲ့တာက ချစ်သူနဲ့ကိုယ်တကယ်ဝေးရပြီဆိုတာကို
လက်မခံဝံ့တဲ့ မောင့်ရဲ့ပျော့ညံ့ချက်တစ်ခုကြောင့်ပါ…
မောင်သိပ်မြတ်နိုးရတဲ့ ချစ်သူရဲ့မျက်နှာကို စေ့စေ့ကြည့်ပြီး သွားတော့မယ်လို့ ပြောမထွက်ခဲ့တဲ့
မောင့်ကို ချစ်သူနားလည်ပေးပါနော်…

မောင်အခု အရက်တွေလည်း သိပ်မသောက်တော့ပါဘူး
မောင်သောက်ရင်လည်း မောင့်သူငယ်ချင်း တက်စလာ၊ ဘလာဂေါက်၊ ကဒေါင်းညင်သာတို့ကို
အရင်မူးအောင်သောက်ခိုင်းပါတယ်..
ပြီးမှ သူတို့မူးတဲ့ အရှိန်နဲ့ မောင်လိုက်မူးတာပါကွယ်…
ဒါပေမယ့် ချစ်သူသိလား
မောင်ဘယ်လောက်မူးမူး
ချစ်သူပေးတဲ့ အနမ်းလေးကိုတော့ မေ့မသွားသေးပါဘူး…

ခန်းဆီးစလေးတွေကလည်း လွင့်မျောနေတုန်းပဲနော်…
ချစ်သူသိပ်ချစ်ရတဲ့ မောင်လည်း ဘယ်ဆီဘယ်ဝယ်မသိ လွင့်မျောနေဆဲပါ ချစ်သူရယ်….

~မောင်~

Anonymous said...

မလေးရဲ့ မောင် ကဗျာတွေမှာ တို့လည်းပါမယ် ပါမယ်း)

............

ပထမ သင်္ကြန်မှာ ဆုံတွေ့ ခဲ့ ၊
ဒုတိယ သင်္ကြန်မှာ နှလုံးသားဆုတောင်းပြည့်ခဲ့ ၊
တတိယ သင်္ကြန်မှာ ခွင့်လွှတ်ပါဆိုတဲ့စကားနဲ့ သူထွက်ခွာခဲ့ ၊

ခဏတာ တွေ့ ခဲ့ နှင်းစက်ရယ်
ထာဝရတွက် နွေအိပ်မက်နဲ့
မောင့်ကို အပြီးအပိုင် ထားရစ်ခဲ့ ။

Yan said...

ပထမ သင်္ကြန်မှာ ဆုံတွေ့ ခဲ့ ၊
ဒုတိယ သင်္ကြန်မှာ နှလုံးသားဆုတောင်းပြည့်ခဲ့ ၊
တတိယ သင်္ကြန်မှာ ခွင့်လွှတ်ပါဆိုတဲ့စကားနဲ့ သူထွက်ခွာခဲ့ ၊

ခဏတာ တွေ့ ခဲ့ နှင်းစက်ရယ်
ထာဝရတွက် နွေအိပ်မက်နဲ့
မောင့်ကို အပြီးအပိုင် ထားရစ်ခဲ့ ။

စတုတ္ထသင်္ကြန်မှာ ပြန်လာမယ်လို့ ကတိပေးခဲ့၊
ဗီဇာမရခဲ့…
ပဉ္စမသင်္ကြန်မှာ သူပြန်လာခဲ့
ဒေါ်လာလည်းခန်းလူလည်းပန်းလျက်

ခဏတာဝေးခဲ့ရပေမယ့်
တစ်ဘ၀တာ မဆွေးဝံ့သူကြောင့်
ဒီတစ်ခါ မောင်ပြန်လာရင်
အပြီးအပိုင် လက်ဆက်မယ်ရည်မှန်းလျက်…

ဂလုဂလု…
(ရင်ခုန်သံကြောင့် လည်ချောင်းခြောက်သွားခြင်းကို ဖြေဖျောက်ရန် တံတွေးမျိုချသောအသံ)

Anonymous said...

ညှောင်သိပ်စိတ်ညစ်သွားပြီကွယ်..
ညှောင့်အတွက် ရေးထားတဲ့ ကဗျာကို အချစ်ရဲ့သူငယ်ချင်းတွေက
ဝိုင်းစနောက်ကြတာ… ညှောင် သိပ်အားငယ်သွားပြီ။

ညှောင်အစစ်