မနေ့ညကပေါ့… သူမနဲ့အတူ
မြို့ပြရဲ့လမ်းတွေပေါ် လျှောက်သွားတယ်
အိမ်ပြန်ချိန်
လကလည်းသာလို့….
ဒါပေမယ့် လေထဲမှာလေ။
အသံသာလေးရယ်…
ငါတိမ်းညွတ်နေလို့ပါ
မီးဆိုလည်း ငါဝင်တိုးတော့မယ်
တစ်ဘဝစာ
လောင်ကျွမ်း ပြာကျ….
ငါ ပျောက်ဆုံးသွားမှအေးမယ်။
မသိစိတ်က မဖြစ်နိုင်မှန်းသိနေလည်း
ငါ အတိတ်မေ့ချင်ခဲ့တဲ့ကောင်ပါ
အိပ်ချင်တဲ့နေရာဟာ ငါ့မွေ့ယာပဲပေါ့။
ဘာကိုမှဂရုမစိုက်တတ်တဲ့ကောင်
လေထဲကအနမ်းတွေတောင် လိုက်ဖမ်းနေတတ်ပြီ။
ဒါနဲ့ဆို အားလုံးပေါင်းနှစ်ပွင့်သော အနမ်း
ဒီရင်မှာ နွမ်းနေရပြီ။
ဒီလိုနဲ့ပဲ
လေထဲကလရိပ် ကိုဖမ်းတဲ့
ငါ…
ခေတ်သစ် ငမိုက်သားလား?
Tuesday, July 31, 2007
လေထဲက လရိပ်
Posted by အိမ့်ချမ်းမြေ့ at 12:16 AM
Labels: ကိုဒီဝိုင်း
Subscribe to:
Post Comments (Atom)
1 comment:
အကို ကဗျာလေးကိုကြိုက်လို့ ပြန်တင်လိုက်ပြီနော်
Post a Comment