တဖြောက်ဖြောက်နဲ့ …..
မသိစိတ်ထဲ သူမဝင်ရောက်ခဲ့၊
အစက်အပျောက်တွေကြား
ငါ့..ခန္ဓာ ပျောက်ဆုံးခဲ့တယ်။
တိမ်ငိုသံလား….
သဘာဝရှိုက်သံလား…
သေချာတာက
ငါကိုယ်တိုင် ရွာချလိုက်မိတယ်။
လွမ်းစရာမရှိတဲ့ ဘဝမှာ
လွမ်းခွင့်မပေးသူကိုဘဲ
မိုးစက်တွေနဲ့အတူ
အဖြူထည်ပဲလွမ်းတယ်။
မိုးရွာရင် အရင်ကဆိုပျော်မြူး
အခုတော့ ငါ့နှလုံးသားစူးခနဲ၊
ကောင်မလေးရယ်….
မိုးရေထဲမှာငါ…
မရူးပါရစေနဲ့။
မိုးရွာလို့ ပျော်နေသူတွေရှိသလို၊
ထီးမပါလို့ ငိုချင်သူတွေလည်းရှိမယ်။
သေချာတာက
ငါ့လိုပဲ
သူဘာသူ စီးဆင်းနေမှာ။
မိုးရေထဲမှာ….
ဘဝနဲ့ ဖက်နေသူတွေရှိသလို၊
ယစ်မူးခြင်းနဲ့ ဖက်နေသူတွေလည်းရှိတယ်။
ငါကတော့….
မျှော်လင့်ခြင်းဆိုတာပဲ ဖက်တွယ်နေမိရဲ့။
မိုးရွာလို့ပွင့်တဲ့ပန်း၊
မိုးရေထဲမှာပဲ
ရင်ဘတ်တစ်စုံနဲ့…..
သူမကို
ပန်ပေးလိုက်ချင်တယ်။ ။
Sunday, August 5, 2007
မိုး
Posted by အိမ့်ချမ်းမြေ့ at 11:20 PM
Labels: ကိုဒီဝိုင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment